အင်ယာတစ်ယောက်က foundation
အောက်ခံမြေညီနေပြီးကောင်းနေပါလျက်နဲ့
hardcore လုပ်စရာမလိုဘူးဆိုပြီးတွေ့ရတယ်။
Geotechnical ဘာသာရပ်မှာ Hardcore
လုပ်ရခြင်းရည်ရွှယ်ချက်က-
၁- structural member လုပ်မည့် level တိကျစေဖို့
ညီညာမှု ဖြစ်ရန်
၂- structural member အပေါ်သက်ရောက်မှုအား
အချိုးညီစွာ (load distribution) ဖြစ်ရန်၊
(မှတ်ချက်။ load or stress concentration)
ဖြစ်ပါက structure member ရဲ့ bending &
shear များစွာပြောင်းသွားပါမည်။)
၃- structural stiffness နှင့် foundation soil
stiffness ရုတ်တရက်ကွာခြားမှုမဖြစ်ရန်၊
(မှတ်ချက် soil-structure interaction ကို
compatible ဖြစ်ဖို့)
၎- foundation soil အပေါ် stress relief ဖြစ်ရန်၊

Hardcore thickness ဆုံးဖြတ်ရာမှာ building load
ကြောင့် soil မှာဖြစ်လာတဲ့ induced stress အရ
သတ်မှတ်ကြပါတယ်။
ယေဘူရအားဖြင့် 100-150 mm ပါ၊
တကယ်လိုအပ်ချက်ကို Analysis လုပ်ရင်
သိနိုင်ပါတယ်။
building founation အတွက် hardcore ဟုခေါ်ပြီး
underground structures တွေမှာ ကတော့ low
strength shotcrete အဖြစ်သော်၎င်း၊ lining ပြီးရင်
backfill grouting နဲ့၎င်း လုပ်ကြသည်။
ရည်ရွှယ်ချက်က အထက်ပါ လေးချက်လိုအပ်မှု
အတွက်ဖြစ်ပါသည်။
မလုပ်ပါက stress concentration
ကြောင့် concrete lining မှာ crack တွေဖြစ်လာ
ပါမည်။ ဒီထက်ဆိုးဝါးရင် lining failure ဖြစ်ပါမည်။
rock surface မညီညာရင် အပြင်ကျောက်သား
ကောင်းလေ tunnel lining အပေါ်
stress concentrate များလေဖြစ်သည်။
မြေမာသဖြင့် hardcore မလိုဘူးရေးတာတွေ့ရလို့
technical လိုအပ်ချက်ကိုလူငယ်များ
အတွက် ဗဟုသုတပါ။

~~~~~~~~~~

Instagram
About Me
-
Ko Ko King
View my complete profileFlickr Images
Like us on Facebook